“ရုပ်ချင်းဆင်တယ် လို့ ပြောကြပေမယ့် ဘာမှ မတော်ဘူး။ တစ်ယောက်က ကရင်၊ တစ်ယောက်က ချင်း ပါ။ ငယ်ငယ်ကတည်းက အနုပညာပိုးပါကြတယ်။ Feel လို့ကောင်းတဲ့ သီချင်းလေးတွေ ဆိုရတာ ကြိုက်တယ်။ နှစ်ယောက်ပေါင်းပြီး Album လုပ်နေတယ်။ Single Song လေးတွေလည်း လုပ်နေပြီ။ ပရိသတ် အားပေးရင် ဒီ့ထက်ပိုပြီး သီချင်းတွေ လုပ်ဖြစ်မှာပါ။ “ပျော်နေပါ” သီချင်းလေးက နှစ်ယောက်ပေါင်းပြီး စလုပ်တဲ့ သီချင်းလေးပါ။ ဒီ MTV လေးကို ပရိသတ်တွေကြိုက်ကြလို့ ၀မ်းသာပါတယ်။
By - MyanmarCelebrity
“အခု နိုင်ငံခြားခရီးတွေ သွားဖြစ်တယ်။ ရန်ကုန် နဲ့ နယ်တွေမှာ သီချင်းတွေ ဆိုဖြစ်တယ်။ Christmas ဆိုတော့ သီချင်းတွေ ပိုဆိုဖြစ်တယ်။ အသက် (၁၆) နှစ်ရှိပါပြီ။ အနုပညာလောကထဲကို အသက် (၇) နှစ်မှာ စ၀င်ဖြစ်တယ်။ “ဂီတတံခါးလေး ဖွင့်ပါဦး” မှာ စပြိုင်ဖြစ်တယ်။ သင်္ကြန်သီချင်းတွေ ဆိုဖြစ်တယ်" လို့ အဆိုတော် Esther Dwe က MC ကို ပြောပါတယ်။
“ဒီလက ညီမရဲ့ မွေးနေ့ဆိုတော့ တောင်ကြီးသွားပြီး မွေးနေ့ပွဲ ကျင်းပဖြစ်တယ်။ ပွင့်လင်းရာသီဆိုတော့ ပွဲလေးတွေလည်း ဆိုဖြစ်တယ်။ အခု (၂၀၁၈) ခုနှစ် (၁၈) ရက်နေ့မှာ အသက် (၁၈) နှစ် ပြည့်ပါတယ်။ အသက်ကြီးသွားပေမယ့် ကလေးစိတ်ပဲရှိသေးတယ်။ (၅) တန်းမှာ သီချင်းတွေ စပြိုင်ဖြစ်တယ်" လို့ Lar Dint Htar Yi က MC ကို ပြောပါတယ်။
#LarDintHtarYi
#MyanmarCelebrity #MyanmarSinger