“ဗရမ်းဗတာ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ် ရဲ့ ရိုက်ကွင်း ပုံရိပ်တွေပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပြီး မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ စုလှိုင်နှင်း နှင့် သင်ဇာဝင့်ကျော် တို့အဓိကပါဝင် သရုပ်ဆောင်နေကြပါတယ်။
“မိန်းမအစစ် တစ်ယောက်ရဲ့ စိတ်နဲ့ အပြုအမူအနေအထိုင် အပြောအဆိုတွေကို နည်းနည်း ထိန်းသုံးနေရတယ်။ မိန်းမလျာ ဇာတ်ရုပ်ကို ဟာသ လုံးလုံးကြီးဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ Over အိုက်တင် လုပ်လို့ရတယ်။ ဒီဇာတ်ကားမှာတော့ ကာရိုက်တာ (Chatracter) အရ Over အိုက်တင်တွေ မလုပ်ထားဘူး။ နည်းနည်းလည်း ကျွန်တော် ပင်ပန်းတယ် ပိုပြီးလည်း အားစိုက်ပြီး ကြိုးစားထားပါတယ်။ ပရိတ်သတ်အတွက်တော့ ကြည့်ရတာ နည်းနည်းလေး ထူးခြား ဆန်းသစ်တဲ့ ဇာတ်ကား တစ်ကားဖြစ်လာမှာပါ။ ” လို့ သရုပ်ဆောင် ကျော်ကျော်ဗိုလ် မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။
Myint Myat, Kyaw Kyaw Bo, Su Hlaing Hnin and Thinzar Wint Kyaw star in "Ba Yan Ba Dar" movie by director Nyunt Myanmar Nyi Nyi Aung.