Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့ ရဲ့ အလှူ

$
0
0

ဒီကနေ့ ဇွန်လ (၁၁) ရက်နေ့တွင် သရုပ်ဆောင် ခန့်စည်သူ ရဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မ၀ိဟာရ ဘုန်းတော်ကြီး ပညာရေး စာသင်ကျောင်း (ဘ/က) ရှိ ချို့တဲ့ ကျောင်းသူ၊ ကျောင်းသား (၄၀၀) ကျော်အတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ နှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဇွန်လ (၇) ရက်နေ့က ပျက်ကျခဲ့တဲ့ Y-8 လေယာဉ်မှ သေဆုံးသူ ခရီးသည်များရဲ့ ကျန်ရစ်ခဲ့သော မိသားစုများအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံခဲ့ရတဲ့ တရားရုံး ရှေ့နေ ဦးကိုနီ မိသားစုအား ထောက်ပံ့ငွေကျပ် (၁၀) သိန်း နှင့် လုပ်ကြံသူကို ကူညီဖမ်းဆီးပေးရင်း အသက်ဆုံးခဲ့ရတဲ့ ဦးနေ၀င်း မိသားစုအား စာနာထောက်ပံငွေကျပ် (၄၀) သိန်းတို့ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက ပညာရေး ဖောင်ဒေးရှင်းသို့လည်း အလှူငွေကျပ် (၁၀) သိန်း ထပ်မံ အလှူဒါနပြု ခဲ့တယ်လို့ သိရပါတယ်။









Actor Khant Si Thu leading "Myittar ThinGaHa" Charity Group made donations for needy students, families of Y-8 Plane Crush Victims, U Ko Ni's Family and U Nay Win's Family on June 10, 2017 at the DaMaWiHarYa Monastery in Yangon. #KhantSiThu

Viewing all articles
Browse latest Browse all 11569

Trending Articles