Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

အနုပညာရှင်တွေ ခွဲခြား ခံနေရတဲ့အပေါ် သရုပ်ဆောင် မင်းရာဇာ ရဲ့ အမြင်

$
0
0

“အပေါ်ကား၊ အောက်ကားဆိုပြီး အနုပညာရှင်တွေ ခွဲခြားခံရတာ အရင်ကထက်စာရင် အခု ပိုဆိုးလာတယ်လို့ ထင်ပါတယ်။ အခုနောက်တက်လာတဲ့ မင်းသမီးတွေက အက်ရှင်မင်းသားဆိုရင် အောက်မင်းသားလို့ သက်မှတ်ထားတာ၊ အက်ရှင်မင်းသား နဲ့ ဇာတ်ကား ရိုက်ရရင် သူတို့ဘ၀ကြီး ပျက်သွားတယ်လို့ ထင်ထားတာ၊ သူတို့ အဲလိုစိတ်ဓာတ်ထားတာ အထင်သေးစရာ အရမ်းကောင်းပါတယ်။ ကိုယ်က အက်ရှင် မင်းသားဖြစ်နေလို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်လည်း ကားကောင်းတွေ အများကြီး ရိုက်ခဲ့ဘူးပါတယ်။ မင်းသမီးတွေနဲ့လည်း တွဲခဲ့ဘူးပါတယ်။ ဒါပေမယ့် အဲလိုမျိုးတွေ တစ်ခါမှ မဆက်ဆံခဲ့ဘူး၊ မနှိမ့်ချခံခဲ့ဘူး။"


"ခုခေတ်မှာ အဲလိုခွဲခွဲခြားခြားတွေ လုပ်လာတဲ့အခါမှာ အခြား အနုပညာလောကမှာ ရှင်သန်နေရတဲ့ လူတွေကို တစ်ဖက်သက်ကြီး နှိမ်သလို ခံစားလာရတယ်။ အဲလိုမျိုးကြီးတော့ မဖြစ်စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အနုပညာသမားက အနုပညာသမားပါပဲ။ ကိုယ်ကိုတိုင် အနုပညာကို ခွဲခြားခံရတာမျိုးတွေလည်း ကြုံဘူးပါတယ်။ တက်သစ်စ မင်းသမီးတွေပေါ့၊ မနေ့တစ်နေ့မှ တက်လာတယ်၊ မနေ့တစ်နေ့ကပဲ ပြန်ပျောက်သွားတယ်၊ အဲလိုမျိုးတွေများပါတယ်။ လက်ရှိဝင်လာတဲ့ သူတွေကိုလည်း ကိုယ်ရိုက်မယ့် ဇာတ်ကောင်ကို ကာရိုက်တာ (Character) ကောင်းကောင်းလေး လုပ်စေချင်ပါတယ်။"


"အဓိကကတော့ အနုပညာလောကမှာ ဘယ်လောက်ကြာကြာ၊ ဘယ်နှနှစ် ရှင်သန်မလဲဆိုတာတော့ ကိုယ့်ကိုကိုယ်ပဲ ရွေးချယ်ပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က အနုပညာအလုပ်နဲ့ပဲ တစ်သက်လုံး ရပ်တည်သွားမှာပါ။ အပေါ်ကား၊ အောက်ကားလည်း မခွဲခြားပါဘူး။ ၀ါသနာပါတဲ့ အနုပညာရှင် အားလုံးကို လည်းလေးစားတယ်။ ကျွန်တော် လုပ်နေတဲ့ အနုပညာလုပ်ငန်းကို ချွေးနဲ့ သွေးနဲ့ရင်းပြီး၊ အပင်ပန်းခံ ကြိုးစားနေပါတယ်။ ပရိတ်သတ်ကို လိမ်မစားပါဘူး။ အဲအတွက်ကြောင့် ကျွန်တော့် ဇာတ်ကားလေးတွေကို စေတနာထားပြီး အားပေးပါဦး” လို့ သရုပ်ဆောင် မင်းရာဇာ မှ “တစ်ခါက ရန်ကုန် မြို့ပြ” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။




A Moment with Myanmar Supporting Actor, Min Yarzar #MinYarzar

Viewing all articles
Browse latest Browse all 11569

Trending Articles