Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

ကိုယ်ဝန် (၃) လကျော် လွယ်ထားပြီ ဆိုတဲ့ သင်ဇာနွယ်ဝင်း နှင့် ခဏတာ

$
0
0

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့က စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်ခဲ့တဲ့ သရုပ်ဆောင် နှင့် မော်ဒယ် သင်ဇာနွယ်ဝင်း က ကိုယ်ဝန် (၃) လ လွယ်ထားပြီလို့ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။ "သင်ဇာ ကလေးက ယောက်ျားလေး ပါ။ ပရိသတ်ကြီးက သင်ဇာနဲ့ အတူ ထပ်တူ ၀မ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ သင်ဇာနွယ်ဝင်း မှ ပြောခဲ့ပါတယ်။


"ပျော် ပါတယ်။ ဒါပေမယ့် တာဝန်တော့ ပိုကြီးသွားပြီ" လို့ ဖခင်တစ်ယောက် ဖြစ်လာတော့မယ့် သင်ဇာနွယ်ဝင်း ရဲ့ ခင်ပွန်းသည် ကိုလှမျိုးမြင့် က Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။ "မိခင်တစ်ယောက် အနေနဲ့ သားလေးကို ပြုစုပျိုးထောင်ပေးမယ်၊ လိမ္မာရေးခြား ရှိအောင် လုပ်ပေးမယ်၊ ကလေးက ယောက်ျားလေး ဖြစ်တဲ့ အတွက်ကြောင့် သူ့အဖေကဘဲ ပိုပြီး ပြုစုလိမ့်မယ်။ သင်ဇာတို့က ငယ်ငယ်ကတည်းက ညီအမတွေပဲ နေလာတာဆိုတော့ ယောင်္ကျားလေးကို ဘယ်လို ထိန်းရမယ်ဆိုတာ မသိဘူး၊ အဲဒါကြောင့် ကလေးထိန်းဖို့ သူ့အဖေကိုပဲ တာဝန်ပေးထားပါတယ်" လို့ သင်ဇာနွယ်ဝင်း က ရည်ရည်မောမော ပြောပြခဲ့ပါတယ်။






Myanmar Celebrity Update: Thinzar Nwe Win is carrying (3) month old pregnancy. #ThinzarNweWin #MyanmarCelebrityCouple

Viewing all articles
Browse latest Browse all 11569

Trending Articles