Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

ဂုဏ်ထူးမပါပေမဲ့ ဆယ်တန်းအောင်လို့ ပျော်နေတဲ့ အိစိကွေး

$
0
0

ရန်ကုန်၊ အ.ထ.က (၁) သင်္ဃန်းကျွန်း အထက်တန်းကျောင်းမှ (၂၀၁၆-၂၀၁၇) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပ္ပံ ဘာသာတွဲဖြင့် သရုပ်ဆောင် အိစိကွေး (ခ) ကိုကိုအောင် က ၀င်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။ “အောင်စာရင်းကိုတော့ သင်္ကန်းကျွန်း အ.ထ.က (၁) မှာပဲ သွားကြည့် ဖြစ်ပါတယ်။ တိုးကြိတ်ပြီး ခက်ခက်ခဲခဲ အောင်စာရင်း ကြည့်ခဲ့ရပေမယ့် အောင်စာရင်းမှာ ကိုယ့်နာမည်ပါတာကို တွေ့ရတော့ အရမ်းကို ပျော်ခဲ့ရပါတယ်။" လို့ အိစိကွေး က Myanmar Celebrity သို့ ပြောခဲ့ပါတယ်။


"ဂုဏ်ထူးပါအောင် ကြိုးစားခဲ့ပေမယ့် ပါမလာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့်လည်း အခုလို ဆယ်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်သွားတယ် ဆိုရင်ပဲ ၀မ်းသာပါတယ်။ ငယ်ငယ်ကတည်းက တက်ချင်ခဲ့တဲ့ ရေကြောင်းတက္ကသိုလ် အမှတ်ကိုတော့ မှီပါ့မလား တောင်မသိပါဘူး။ မမှီဘူးဆိုလည်း ထွက်လာတဲ့ အမှတ်ကို ကြည့်ပြီး ကျွန်တော့်ဘ၀ကို အကျိုးပြုမယ့် ပညာရပ်၊ ဘာသာမျိုးကို တက်ဖြစ်မှာပါ" လို့ လူငယ် သရုပ်ဆောင် ကိစိကွေးက ပြောပါတယ်။


"အနုပညာအလုပ်က ကျွန်တော့်ဘ၀ ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတဲ့ အတွက်ကြောင့် အနုပညာအလုပ်ကို ဆက်လက် လုပ်သွားမယ်။ စာမေးပွဲ မဖြေခင်ကတည်းက ပရိတ်သတ်တွေက (၁၀) တန်းကို ဂုဏ်ထူးတွေနဲ့ အောင်ပါစေဆိုပြီး၊ ဆုတောင်း ပေးခဲကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ပရိတ်သတ်တွေ မျှော်လင့်ထားသလို ဂုဏ်ထူး ပါမလာတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အနုပညာ အလုပ်ကိုလည်း ပရိတ်သတ်တွေ အားပေးရကျိုးနပ်အောင် ကြိုးစားသွားပါ့မယ်။" လို့ အိစိကွေး က Myanmar Celebrity သို့ ပြောခဲ့ပါတယ်။







Myanmar teenage actor, Ei Si Kawe passed the matriculation examination in 2017. #EiSiKawe

Viewing all articles
Browse latest Browse all 11569

Trending Articles