Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

မိုးယုစံ ပြောပြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ စိုးရိမ်စိတ်

$
0
0

"သားသားလေးကို ကိုယ်ဝန် လွယ်ထားတာ (၆) လ ရှိပါပြီ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ရဲ့ အလှတွေလည်း မရှိတော့ပါဘူး။ လူကဝလာတယ်၊ ရုပ်ကရင့်လာမယ်၊ အသားအရောင်တွေ ပြောင်းမယ်၊ အဖုတွေ လည်းထွက်မယ်၊ အကြောတွေလည်း ဟိုပျက်ဒီပျက် ဖြစ်မယ်၊ ခြေတွေလက်တွေလည်း ဖောင်းလာလို့ အပြင်သွားဖို့ ဝတ်စရာတောင် မရှိဖြစ်လာတယ်။ မွေးဖွားဖို့နီးလေ၊ ကြောက်စိတ်ကဖြစ်လာ မွေးဖွားပြီးရင်လည်း အရင်လို လှနိုင်ပါ့မလား၊ စိုးရိမ်စိတ်ဖြစ်မိတယ်။ ဟိုအရင်က ပုံတွေပြန်တွေ့ရင် အခုနဲ့ မတူတော့ တစ်ခါတစ်ခါ စိတ်ညစ်ရတယ်။ မိန်းမတယောက်ရဲ့ အလှဆုံးအချိန်၊ ဂုဏ်ယူစရာ အကောင်းဆုံးအချိန်က မိခင်ဘဝရတဲ့ အချိန်ဆိုတာ သိလာရတယ်။ လူတစ်ယောက် လူ့လောကထဲ ရောက်ဖို့ အသက်နဲ့ရင်းပြီး မွေးဖွားပေးတဲ့ မိခင်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကတော့ ချီးကျူးစရာပါ။" လို့ သရုပ်ဆောင် မိုးယုစံက သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။


"ဘယ်ဆေးရုံးမှာ ဘယ်ဆရာဝန်နဲပ မွေးဖို့ဆိုတာကတော့ စဉ်းစားနေတုန်းပါ။ သူ့ကို ကျန်းကျန်းမာမာနဲ့ ချောချောမွေ့မွေ့ မွေးဖွား နိုင်အောင်၊ ကြီးလာရင်လည်း အကောင်းဆုံး ပံ့ပိုးပေးနိုင်အောင်၊ အဲဒါတွေပဲ အခု ခေါင်းထဲမှာ ရှိပါတယ်။ ကလေးလေးမွေးပြီး (၁) နှစ် (၂) နှစ်လောက် အထိကတော့ အနုပညာအလုပ်တွေ လုပ်ဖြစ်ဦးမှာ မဟုတ်သေးပါဘူး။ ဓာတ်ပုံရိုက်တာတို့ ပရဟိတနဲ့ ဆိုင်တဲ့ အကူအညီ တောင်းတာမျိုး ဆိုရင်တော့ လုပ်ဖြစ်မှာပါ" လို့ သရုပ်ဆောင် မိုးယုစံ မှ Myanmar Celebrity နှင့် အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။






Myanmar well-known Actress Moe Yu San says her baby boy pregnancy has already reached to 6 months. #MoeYuSan #MyanmarCelebrityCouple

Viewing all articles
Browse latest Browse all 11569

Trending Articles