Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

"ကြုံရင် ကြုံသလို ကုသိုလ် ယူဖြစ်တယ်" လို့ ပြောလာတဲ့ အေးမြတ်သူ

$
0
0

"ပရဟိတဆိုတဲ့စကားက တစ်အားကို ကျယ်ပြန့်လွန်းပါတယ်။ ပြောရမယ်ဆို ညွှန်းစာဖွဲ့လို့ မမှီပါဘူး။ အေးမြတ်သူ စိတ်ထဲမှာ ခံယူထားတဲ့ အရိုးရှင်းဆုံးကတော့ အတ္တမပါဘဲ၊ ကိုယ်ကျိုးမကြည့်တဲ့ ကောင်းသောအလုပ်ကို လုပ်ဆောင်ခြင်းလို့ ခံယူထားပါတယ်" လို့ သရုပ်ဆောင် အေးမြတ်သူ မှ Myanmar Celebrity သို့ ပြောပြခဲပါတယ်။


"ပရဟိတကို အနုပညာရှင်မှ မဟုတ်ပါဘူး လူကြီး၊ လူငယ်မရွေး အားလုံး လုပ်လာကြတာ တွေ့ရတော့ အရမ်းကို ၀မ်းသာစရာ ကောင်းပါတယ်။ အနုပညာရှင်တွေ ပရဟိတ လုပ်ခြင်းအားဖြင့် မလုပ်သေးတဲ့ လူတွေလည်း မြင်သွားမယ်။ လုပ်ချင်စိတ် ပိုဖြစ်လာတယ်။ ငါလည်း သွားလှူရင် ကောင်းမယ်၊ လှူသင့်တယ် ဆိုတဲ့ အတွေးလေးတွေ ပွင့်လာတာပေါ့။ ဒါပေမယ့် အနုပညာရှင်တွေထက် ပိုပြီး ပေးဆပ်နိုင်တဲ့၊ ပိုပြီး လုပ်နိုင်တဲ့ ပြည်သူထဲက လေးထိုက်တဲ့ ပရဟိတသမားတွေ အများကြီးရှိပါတယ်။" လို့ အေးမြတ်သူ မှ ပရဟိတနဲ့ ပတ်သတ်ပြီး သူမရဲ့ ခံယူချက်ကို ပြောခဲ့ပါတယ်။











Myanmar Celebrity Update: Actress Aye Myat Thu comments on Charity/ Parahita Work #AyeMyatThu

Viewing all articles
Browse latest Browse all 11569

Trending Articles