Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

သူမရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြလာတဲ့ မြတ်ကေသီအောင်

$
0
0

သရုပ်ဆောင် မြတ်ကေသီအောင် မှ သူမ ပြည်ပခရီးစဉ်တွေ ဆက်တိုက် သွားနေတာရယ်၊ ကျန်းမာရေး မကောင်းတာရယ် တွေကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ အရမ်းကျဲသွားခဲ့တယ်လို့ ပြောပါတယ်။ "အစ်မရဲ့ ကျန်းမာရေး အခြေအနေက အရမ်း ပင်ပင်ပန်းပန်း လုပ်လို့မရတဲ့ အခြေအနေပါ။ ကိုယ့်ကိုကိုယ်လည်း ညှာတဲ့အတွက် ပင်ပန်းမယ့် ဇာတ်ကားတွေဆိုရင် မရိုက်ဖြစ်ပါဘူး။ အခုနောက်ပိုင်းဆို ဇာတ်လမ်းကို သေချာမေးပါတယ်။ အရမ်းပင်ပန်းမယ်၊ စိတ်နှစ်ပြီးလုပ်ရမယ့် ကာရိုက်တာ (Character) မျိုးတွေဆို မလုပ်ဖြစ်ပါဘူး။ အစ်မ ဘယ်ဘက် ရင်ဘတ်က အမြဲတမ်း စူးပြီးအောင့်နေတဲ့အတွက် တစ်ချို့ ဒေါသဖြစ်ရမယ့် အခန်းတွေမှာ MOOD ထည့်လိုက်ရင် အစ်မ နောက်ထပ် အခန်းတွေ ဆက်မရိုက်နိုင်တော့ဘူး။ အဲ့ဒါတွေကြောင့် အလုပ်ထဲမှာလည်း အနှောက်အယှက် ဖြစ်မှာစိုးလို့ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တာပါ" လို့ မြတ်ကေသီအောင် က ပြောပါတယ်။


"ဖေ့ဘုတ်မှာ တင်ထားတဲ့ အစ်မ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် လူကောင်း တစ်ယောက်လိုပဲ ဖြစ်နေတော့ နေမကောင်းဘူးဆိုတာ သူငယ်ချင်းတွေက ဘာဖြစ်လို့လဲ သိချင်ကြတယ်။ တကယ်တော့ စိတ်ထောင်းလို့ ကိုယ်ကြေတာမျိုးပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးနေရတယ်။ ဒီအလုပ်ကို လုပ်နေကြပဲ ငါဖြစ်တယ် ဖြစ်အောင်လုပ်ရမယ် ဆိုတာမျိုးပေါ့။ စိတ်ပင်ပန်းလာရင် လူကလည်း ပင်ပန်းလာပြီး အိပ်ယာထဲ လဲသွားတယ်။ အစ်မရဲ့ ဆရာဝန်ကလည်း စိတ်ရော ကိုယ်ပါ အရမ်းနှစ်ပြီး မလုပ်ပါနဲ့လို့ ပြောတဲ့ အတွက် နောက်ပိုင်း ဇာတ်ကား ရိုက်ကူးရေးတွေ လျော့လိုက်တာပါ" လို့ သရုပ်ဆောင် မြတ်ကေသီအောင် မှ Myanmar Celebrity သို့ ပြောခဲ့ပါတယ်။







Myanmar former well-known actress, Myat Kay Thi Aung says she is retiring from her acting career because of her poor health condition. #MyatKayThiAung

Viewing all articles
Browse latest Browse all 11569

Trending Articles