Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11569

အလုပ်အပေါ် အမြဲ သစ္စာရှိအောင် လုပ်ပါတယ် ဆိုတဲ့ အေးမြတ်သူ

$
0
0

"ဘယ်သူနဲ့ ဇာတ်ကားတွေ ရိုက်ဖို့ရှိတယ် လို့ ဘယ်တော့မှ မပြောဘူး။ ရိုက်ဖို့ ဇာတ်ကားတွေ ရှိတယ်လို့ပဲ ပြောပါတယ်။ အဲလိုမျိုး ဖြေခြင်းအားဖြင့် ကားတွေရိုက်ဖို့ ပျက်သွားရင် ဘယ်သူမှ မသိနိုင်ဘူး ကိုယ်ပဲ သိနိုင်တော့ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ကောင်းတယ်။ အလုပ်နဲ့ ပတ်သတ်ရင် အေးမြတ်သူ မှာ ခံယူချက်တစ်ခုရှိတယ်။ အဲဒါက အေးမြတ်သူ ကို ကြိုက်တဲ့ ဈေးပေး ပြီးရင် အေးမြတ်သူ ကို ကြိုက်သလို ခိုင်းလို့ရတယ်" လို့ သရုပ်ဆောင် အေးမြတ်သူ မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။


"ဘယ်ကားကို မဆို အားထည့် တယ်။ ဖက်ရှင်ပိုင်းကို အားထည့်ရမှာလား၊ အိုင်တင်ပိုင်းကို အားထည့်ရမှာလား။ အားထည့်တယ်။ ကိုယ်လက်ခံထားတဲ့ ကားတွေ အားလုံးကို ကိုယ်နဲ့ အဆင်ပြေတဲ့ ဈေးနှုန်းတစ်ခုမှာ လိုက်လျောညီထွေ ဖြစ်အောင်၊ အကောင်ဆုံး ဖြစ်အောင် လုပ်ပေးပါတယ်။ တစ်ခါတစ်လေတော့လည်း ချွတ်ချော်တာမျိုးလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ် လုပ်ခွင့်ရမယ့် ဇာတ်မျိုးတွေ လက်လွတ်သွားရင်တော့ ဘာလို့ လက်လွတ် သွားတာလဲဆိုပြီး အမြဲတမ်း စိတ်မကောင်း ဖြစ်မိတယ်။ တစ်ခါတစ်လေ ကျရင် ငွေရေး ကြေးရေးကြောင့် မဟုတ်ပဲ၊ အလုပ်တွေ တိုက်ဆိုင်မှုကြောင့် ရွေ့လိုက်ရတာမျိုး လက်လွှတ်လိုက်ရတဲ့ ကားတွေလည်း ရှိပါတယ်" လို့ အေးမြတ်သူ က ပြောပါတယ်။


"အရာရာအားလုံးက ကိုယ်ပဲ ဆုံးဖြတ်ချက် ချခဲ့တာမျိုးတွေရှိတဲ့ အခါကျတော့ အေးမြတ်သူ မှားသွားတယ် ဆိုတဲ့အရာက တော်တော်ကြီးကို မဆင်မခြင်မှ မှားတာ၊ သိသိနဲ့မှားတဲ့ အမှားမျိုး မရှိပါဘူး။ ငွေရေး၊ ကြေးရေးကြောင့် မရိုက်လိုက်ရဘူး ဆိုခဲ့ရင်တောင်မှ ဒါ ကိုယ့်အမှားမဟုတ်ဘူး။ အေးမြတ်သူ က လူတကာကို ဘယ်တော့မှ အနိုင်မကျင့်တက်ဘူး၊ လူတိုင်းကို ကိုယ်ချင်းစာပြီး အမြဲတမ်း ဖြည့်တွေးပေးတယ်။" လို့ သူမ နဲ့ ချိတ်ဆက်ပြီးမှ ရိုက်ကူးဖို့ လွဲချော်သွားခဲ့ဘူးတဲ့ ဇာတ်ကားတွေ ရှိခဲ့ကြောင်း ပြောပြပါတယ်။


"လူတွေအများကြီး ရုန်းကန်နေကြရတဲ့ အခက်အခဲတွေ အများကြီးရှိတယ် ဆိုတော့ မတော်မတရားတော့ မလုပ်ဘူး။ အဲဒါ အေးမြတ်သူ ပေးနိုင်တဲ့ သစ္စာတရားပဲ။ အလုပ်ကို အမြဲတမ်း သစ္စာရှိအောင်လုပ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်၊ ကိုယ့်ကိုကိုယ် အမြဲယုံကြည်မှုရှိတယ်။" လို့ သရုပ်ဆောင် အေးမြတ်သူ က သူမရဲ့ အလုပ်အပေါ် ခံယူချက်ကို Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။


Myanmar well-known actress, Aye Myat Thu opens about her career goals and believes. #AyeMyatThu

Viewing all articles
Browse latest Browse all 11569

Trending Articles