Quantcast
Viewing all articles
Browse latest Browse all 11574

ဝါသနာ ပါတဲ့ အလုပ်မို့ ကြိုးစားနေပါတယ် ဆိုတဲ့ ပိုးအိအိခန့်


ဇွန်လ (၂၈) ရက်နေ့က ရန်ကုန်၊ သန်လျင်၊ ကြောင်ကမ္ဘာခြံမှာ ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူး ပုံဖော်နေတဲ့ “တောသားကြီး ချစ်တဲ့ ခလိန်း” ဗီဒီယို ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် ပိုးအိအိခန့် ရဲ့ ရိုက်ကွင်း အလှပုံရိပ်တွေပါ။


"ညီမ ရဲ့ ထုတ်လုပ်ရေးက "NOVEL" ထုတ်လုပ်ရေးပါ။ "NOVEL" ထုတ်လုပ်ရေးနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေကတော့ ကား (၂၀) ကျော်ရှိပါပြီ၊ ရုပ်ရှင်ဇာတ်ကားကတော့ တစ်ကားရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့အတွက် ကိုယ့်ရဲ့ ထုတ်လုပ်ရေးနဲ့မှ မဟုတ်ပါဘူး၊ ဘယ်သူ့ ထုတ်လုပ်ရေးဘဲဖြစ်ဖြစ် အလုပ်ကို သေသေချာချာ လေးလေးစားစားနဲ့ လုပ်ပါတယ်" လို့ သရုပ်ဆောင် ပိုးအိအိခန့် က Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။


"ညီမက သရုပ်ဆောင်ကို အရမ်းဝါသနာပါပြီး ရူးသွပ်တယ်။ အဲတော့ မိဘတွေက သားသမီးဖြစ်စေချင်တဲ့ ဆန္ဒကို ပံ့ပိုးပေးတဲ့အနေနဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးလေး လုပ်ဖြစ်သွားတာပါ။ ဘယ်ဇာတ်ကားပဲ ရိုက်ရိုက် အကုန်လုံးကို အရမ်း အားရတယ်ဆိုတာ မရှိပါဘူး။ ဘယ်ကားကို ပြန်ကြည့်ကြည့် တစ်နေရာ မဟုတ် တစ်နေရာကနေ လိုအပ်ချက်တွေ ရှိသေးတယ်လို့ပဲ မြင်ပါတယ်။ တစ်ခြား ထုတ်လုပ်ရေးတွေနဲ့လည်း ဇာတ်လမ်းလေးက ကိုယ့်အတွက် နေရာကောင်းလေး ရမယ်ဆိုရင် ရိုက်ပါတယ်" လို့ ပိုးအိအိခန့် ပြောခဲပါတယ်။








Myanmar Celebrity: Poe Ei Ei Khant, New Face Actress #PoeEiEiKhant

Viewing all articles
Browse latest Browse all 11574

Trending Articles