Quantcast
Channel: Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com
Viewing all articles
Browse latest Browse all 11585

ပုံမှန် GYM ဆော့တာ ကိုယ်ခံအား ကောင်းလာတယ်ဆိုတဲ့ ခင်လေးနွယ်

$
0
0

“GYM ဆော့နေတာ (၂) နှစ် ကျော်လောက်တော့ ရှိပါပြီ။ GYM မဆော့ခင်ကတော့ ကိုယ့်ကိုကိုယ် ၀လာတယ်ဆိုပြီး အစားအစာနဲ့ပဲ ထိန်းဖြစ်တယ်။ ဒါပေမယ့် အသက်ကြီးလာတော့ အစားတစ်ခုတည်းနဲ့ ထိန်းလို့ မရတော့ဘူး။ လေ့ကျင့်ခန်းပါ တွဲလုပ်ရတယ်။ တကယ်တမ်း တွဲလုပ်ကြည့်လိုက်တော့ အစားလျော့တာနဲ့ မတူပါဘူး။ အသားအရေလည်း အရင်ကထက် ပိုလှလာတယ်။ ကျန်မာရေးလည်း ကောင်းတယ်။ အစ်မ လိုချင်တဲ့ ခန္တာကိုယ်က အရမ်းပိန်တာမျိုး မဟုတ်ပဲ၊ ကျစ်လစ်တဲ့ ခန္တာကိုယ်မျိုး ဖြစ်ချင်တယ်။ အခု GYM ပုံမှန်ဆော့ဖြစ်နေတော့ ကိုယ်လိုချင်တဲ့ ခန္တာကိုယ် နည်းနည်းတော့ ဖြစ်လာပါပြီ၊ လေ့ကျင့်ခန်းလုပ်တာက လူတိုင်း လုပ်သင့်တယ်လို့ ထင်ပါတယ်။ တစ်ရက်ကို အများကြီး အချိန်မပေးနိုင်ရင်တောင် နာရီဝတ်လောက် အချိန်ပေးပြီး လုပ်ကြည့်ပါ။ တကယ် အကျိုး ရှိပါတယ်” လို့ မော်ဒယ် နှင့် သရုပ်ဆောင် ခင်လေးနွယ် က အားကစား ပုံမှန်လုပ်ခြင်းရဲ့ အကျိုးရလဒ် ပြောပြခဲ့ပါတယ်။


“အနုပညာ သက်တမ်း (၁၀) နှစ်ကျော်လောက်မှာ အနုပညာအလုပ်ကို နားလိုက်တာပါ။ အခု TV တွေမှာ အစ်မ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ ပြန်လွှင့်နေတော့ အရင် အချိန်တွေကိုတော့ သတိရပါတယ်။ အနုပညာအလုပ်ကို နားထားတာ မသိပဲ ဇာတ်ကား ရိုက်ဖို့ လာကမ်းလှမ်းတဲ့ လူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ အနုပညာအလုပ် ပြန်မလုပ်ချင်သေးပါဘူး” လို့ သရုပ်ဆောင် ခင်လေးနွယ် က Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။









Myanmar Celebrity Update: Khin Lay Nwe's Fitness #KhinLayNwe #MyanmarFitness

Viewing all articles
Browse latest Browse all 11585

Trending Articles